မေတ္တာခမ်းခြောက်လို့ အစေးမကပ်တော့တဲ့ ချစ်ခြင်း၊ သည်းခံမှုမရှိလို့ ဖြစ်နေတဲ့တိုက်ပွဲ၊ ခွင့်မလွှတ်နိုင်လို့ မုန်းနေတဲ့အမုန်းများကိုပယ်ပြီး အပြုံးနဲ့ လောကကို အလှဆင်လိုသူများ မေတ္တာစတဲ့ ဗြဟ္မဝိဟာရပွားနည်း သိစေရန်၊ စိတ်တည်ငြိမ်မှုမရှိလို့ ဆုံးဖြတ်ရခက်နေသူတွေ သမာဓိရစေရန် ထူးခြားတဲ့အသိ မတူတဲ့အခြေအနေများကို ပိုင်ဆိုင်လိုသူများ နည်းလမ်းသိစေရန် ရည်ရွယ်၍ ဝိသုဒ္ဓိမဂ် ဒုတိယဆင့်ကို သင်ကြားပို့ပေးသွားမည်ဖြစ်ပါ၍ သင်တန်းတက်ရောက်လိုသူများ အောက်ပါလင့်တွင် ကိုယ်တိုင် စာရင်းပေးသွင်းနိုင်ပါပြီ
