၂၀၂၀ အဘိဓမ္မာသင်တန်း - ရိုးရိုးတန်း (ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် လေ့ကျင့်ခန်းများ)

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှ ကြီးမှူးကျင်းပမည်ဖြစ်သော အဘိဓမ္မာစာမေးပွဲကို ဖြေဆိုလိုသူများ လွယ်ကူစွာဖြေဆိုနိုင်စေရန် ရည်ရွယ်၍ အဘိဓမ္မာရိုးရိုးတန်း ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် လေ့ကျင့်ခန်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပါ၍ အဘိဓမ္မာစာမေးပွဲ ဝင်ရောက်ဖြေဆိုလိုသူများတက်ရောက်နိုင်ပါသည်။

ယခုပို့ချမည့် သင်တန်းသည် စာမေးပွဲဖြေဆိုသူများအတွက် သီးသန့်ရည်ရွယ်ထားသည့်အတွက် အဘိဓမ္မာ စာမေးပွဲ မဖြေဆိုသူများ၊ အဘိဓမ္မာမသင်ဖူးသေးသည့် သူတော်ကောင်းများ တက်ရောက် နာယူရန် သင့်တော်မည် မဟုတ်ပါ။
ထို့ကြောင့် သင်တန်းတက်ပြီးသား အဘိဓမ္မာစာမေးပွဲဖြေဆိုသူများအတွက် အထူးသင့်တော်သော သင်တန်း ဖြစ်သောကြောင့် အဘိဓမ္မာစာမေးပွဲဖြေဆိုလိုသူများ စာရင်းပေးသွင်းနိုင်ပြီး ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
သင်တန်းစတင်မည့်ရက်
၀၄.၁၁.၂၀၂၀ ဗုဒ္ဓဟူးနေ့
(အပတ်စဥ် ဗုဒ္ဓဟူး၊ကြာသပတေး၊ သောကြာနေ့တိုင်း ပို့ချပါမည်)
သင်တန်းအချိန်
ညနေ ၆ နာရီမှ ၇း၃၀ (မြန်မာစံတော်ချိန်)
ည ၇း၃၀ မှ ၉ နာရီ (စင်္ကာပူစံတော်ချိန်)
သင်တန်းတက်ရောက်လိုသူများ အောက်ပါလင့်တွင် (ကိုယ်တိုင်) စာရင်းပေးသွင်းနိုင်ပါသည်။
စင်္ကာပူနိုင်ငံ ဗုဒ္ဓဝိပဿနာရိပ်သာ (ပညာပါရမီအသင်း) မှ ဝင်ရောက် ဖြေဆိုလိုသူများ ဖြေဆိုခွင့် Form တင်ရန် (အဘိဓမ္မာရိုးရိုးတန်း၊ ဋီကာကျော် အထူးတန်းနှင့် ဝိသုဒ္ဓိမဂ် ဖြေဆိုမည့်သူအားလုံး)
အောက်ပါ တာဝန်ရှိသူများသို့ ဆက်သွယ် စာရင်းပေးနိုင်ပါပြီ။
၁။ မမေဇင်နှင်းအေး (9183 9953)
၂။ မနန်းခမ်းလှိုင်း ( 8200 2110)