ဆောင်းပါးများ

တာဝန်ကိုယ်စီ ရှိကြသည်
တာဝန်ကိုယ်စီ ရှိကြသည်

လူရယ်လို့ ဖြစ်လာပြီဆိုရင် တာဝန်တွေ ဝတ္တရားတွေပါ တွဲပါလာတတ်တာမျိုး။ ဒါကလည်း လူသားပီသရလေ အောင် စွမ်းဆောင်ပေးတဲ့ စွမ်းရည်တစ်မျိုးလို့ ဆိုရမှာပါ။ တာဝန်မကျေသူကို လူအများကမချီးမွမ်းသလို ဝတ္တရား ပျက်ကွက်သူကိုလည်း ကဲ့ရဲ့တတ်ပါတယ်။ ဒါကြောင့် တာဝန်နဲ့ဝတ္တရားဟာ လူသားအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးတစ်ခုပဲဖြစ်ပါတယ်။

(၅၂၈) သွယ် မေတ္တာ  (အပိုင်း ၂)
(၅၂၈) သွယ် မေတ္တာ (အပိုင်း ၂)

မေတ္တာပွား မေတ္တာပို့လိုသူများဟာ အင်္ဂါ (၁၅) ပါး ပြည့်စုံအောင်ကြိုးစားပြီး သို့မဟုတ် မိမိ မေတ္တာပို့မယ့်သူအပေါ်မှာ စိတ်ကိုနူးညံ့အောင်၊ မေတ္တာပို့နိုင်စွမ်းရှိအောင်လုပ်ပြီးမှ ချစ်ခင်အပ်၊ မြတ်နိုးအပ်တဲ့သူရဲ့ သီလဂုဏ်၊ သုတဂုဏ်စတဲ့ ဂုဏ်များကို အောက်မေ့ဆင်ခြင်ပြီး ၁။ ဧသ သပ္ပုရိသော = ဤသူတော်ကောင်းသည် ( မိမိ မေတ္တာပို့လိုသူ)၊ သုခီ ဟောတု = ချမ်းသာနဲ့ ပြည့်စုံပါစေ။ ၂။ နိဒ္ဒုက္ခော ဟောတု = ဆင်းရဲခြင်း ကင်းဝေးပါစေ လို့ မေတ္တာပို့ရပါတယ်။ မေတ္တာတရားဟာ ကာယကံမဟုတ်သလို ဝစီကံလည်းမဟုတ်ပါဘူး။ မနောကံ ဘာဝနာသာဖြစ်လို့ အာရုံစိုက်ပြီး ပွားဖို့ ပို့ဖို့လိုအပ်ပါတယ်။ အာရုံစူးစိုက်နိုင်လေ မေတ္တာစွမ်းလေပါပဲ။

(၅၂၈) သွယ် မေတ္တာ
(၅၂၈) သွယ် မေတ္တာ

ကံ၊စိတ်၊ဥတု၊အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးနဲ့ ကင်းတဲ့ သတ္တဝါဆိုတာ လောကမှာ မရှိပါဘူး။ လူဆိုတဲ့ သတ္တဝါအတွက်ဆိုရင် အကြောင်းတရားလေးပါးလုံး အသက်တမျှ အရေးကြီးပါတယ်။ ကံက ဘဝကို ဖန်တီးပေးလိုက်တာမှန်ပေမယ့် ဘဝတွေဆက်လက်ရှင်သန်နေစေဖို့ စိတ်ကိုလည်းကောင်းအောင် ထားဖို့လိုအပ်သလို၊ ကိုယ်နဲ့သင့်တော်မယ့် ရာသီဥတုဖြစ်တဲ့ အပူ အအေးများကိုလည်း ရွေးချယ်ပြီးနေဖို့လိုအပ်သလို စားစရာ၊ သောက်စရာများကိုလည်း အဆင်သင့်သလို စားသုံးဖို့ လိုအပ်ပြန်ပါတယ်။

ကောင်းမွန် မှန်ကန် လှူတတ်ရန် (ဒါနပြုရာ၌ သိမှတ်ဖွယ်) (အဆက်)
ကောင်းမွန် မှန်ကန် လှူတတ်ရန် (ဒါနပြုရာ၌ သိမှတ်ဖွယ်) (အဆက်)

ဘုရားရှင်လက်ထက် ရာဇဂြိုဟ်ပြည်ကြီးရဲ့ ဇောတိကသူဌေး လိုပေါ့။ သူ့ရဲ့ ပြည့်စုံမှုကိုတော့ မြန်မာများကြားဖူးကြ နာဖူးကြမှာပါ။ သူ့ပစ္စည်းကို အချောင်လိုချင်တဲ့ စိတ်နဲ့ စစ်အင်အား သုံးပြီး အိမ်ကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ အဇာတသတ်ဘုရင်ရဲ့ အခြေအနေက သူဌေးကြီးကို ရဟန်းဝတ်ဖို့ တိုက်တွန်းလိုက်သလိုပါပဲ။ ပစ္စည်းဥစ္စာ ပေါများလို့ သူများရဲ့တိုက်ခိုက်မှု မတရား ယူလိုမှုကိုခံရတာ၊ တကယ်လို့ ဘာမှမရှိတဲ့ ဘ၀ သာဆိုရင် အနှောက်အယှက် ကင်းမှာပဲလို့ တွေးတာက ဇောတိကသူဌေးပါ။ ငါ့ပစ္စည်းကို အချောင်လိုချင်ရမလားလို့တွေးပြီး သူများကို အမျက်မထွက်သလို ပစ္စည်းနဲ့ ပတ်သက်ပြီး လဲ စိုးရိမ်မှု ကြောင့်ကြမှု မဖြစ်တော့ပါဘူး။ ရလိုက် တဲ့ အသိကတော့ ဒုက္ခ မရောက်ချင်ရင် ပစ္စည်းစွန့်ရမယ်ဆိုတာပါပဲ။ ထူးခြားတဲ့အသိနဲ့ ဘဝရဲ့ အရှိကို လက်ခံနိုင်တာဟာ လွတ်မြောက်မှုကိုသာ...

ကောင်းမွန် မှန်ကန် လှူတတ်ရန် (ဒါနပြုရာ၌ သိမှတ်ဖွယ်)
ကောင်းမွန် မှန်ကန် လှူတတ်ရန် (ဒါနပြုရာ၌ သိမှတ်ဖွယ်)

အလှူရေစက်လက်နဲ့မကွာတဲ့ မြန်မာလူမျိုးများအတွက် ကုသိုလ်လို့ ပြောလိုက် တာနဲ့စိတ်ထဲမှာ ဒါန=ပေးကမ်း လှူဒါန်းမှု၊ သီလ=ကိုယ်နဲ့နှုတ်ကိုစောင့်စည်း ထိမ်းသိမ်းမှု နဲ့ ဘာဝနာ=စိတ်ဖြူစင်အောင် သမထ-လောဘ ဒေါသ မောဟ တရားများ ခဏတာမျှ ငြိမ်သက် အောင် အားထုတ်ခြင်းနဲ့ ဝိပဿနာ-ခန္ဓာမှာဖြစ်ပျက်နေတဲ့ သဘောတရားများကို ရုပ်နာမ်ကွဲလျက် အမှန်သိအောင်လုပ်ခြင်း ဆိုတာမျိုး ပေါ်လာမှာသေချာ...

သံဃာ့ဂုဏ်တော် မှန်းပူဇော်
သံဃာ့ဂုဏ်တော် မှန်းပူဇော်

လောကကြီးမှာ ဗုဒ္ဓဘုရားပွင့်ပေါ်လာတာဟာ သက်ရှိသတ္တဝါတွေ အကျိုးရစေဖို့၊ ချမ်းသာစေဖို့ဖြစ်သလို သာသ နာနဲ့အတူ ရှင်၊ ရဟန်းနဲ့ သံဃာအပေါင်းရှိနေတာဟာလဲ လူသားတွေအတွက် အကျိုးများစေပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် သံဃာတော်များရဲ့ အခန်းကဏ္ဍဟာ ပထမသံဂါယနာနဲ့အတူ နေလို လလိုထွန်းတောက်ခဲ့ ပါတယ်။ သံဃာတော်များရှိနေလို့သာ ဘုရားရှင်ဟောကြား မြတ်တရားများကို ဘုရားရှင်သက်ရှိထင်ရှားရှိတုန်း က အတိုင်း နားကြားမှတ်သားခွင့်ရဆဲပဲလေ။ ဒါကြောင့် သံဃာ့ဂုဏ်တော် အမြောက်အမြားထဲက ဂုဏ်တော် ကိုးပါးဟာ ထင်ရှားခဲ့တာပဲမို့လား။ ဘုန်းတော်များရဲ့သခင် ဘုရားရှင်ရဲ့ တပည့်သားမော် သံဃာတော်များဟာ ၁။ သုပ္ပဋိပန္နော = ကိလေသာငြိမ်းကြောင်း ကောင်းစွာကျင့်ကြံတော်မူ၏။ ၂။ ဥဇုပ္ပဋိပန္နော = သာဋ္ဌေ မာယာ ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော်မူပါပေ၏။ ၃။ ဉာယပ္ပဋိပန္နော = ...

တဏှာသုံးတန် ရှောင်ရှားရန်
တဏှာသုံးတန် ရှောင်ရှားရန်

သက်ရှိသတ္တဝါတွေဟာ စွဲလမ်းမှုတဏှာမရှိရင် မနေတတ်ကြပါဘူး။ လောကလွတ်ကြောင်းတရားကို မျှော်မှန်းရင်း သံသရာလည်ကြောင်းကို တမ်းတနေတတ်တာဟာ ပုထုဇဉ်တို့ရဲ့ သဘာဝလေလားမသိ။ ဒုက္ခနဲ့တွေ့ကြုံရတဲ့အခိုက် ဘဝကိုမုန်းလို့ နိဗ္ဗာန်ရအောင် တရားအားထုတ်မဲ့ယောင်ယောင် ဟန်ပြင်တတ်ကြတာလေ။ သူတော်ကောင်းများ ဆုံးမသံကို ကြားမိရဲ့။ အသားမရှိ အရိုးသက်သက်သာရှိတဲ့ အမဲရိုးကို လက်ပေါ်တင်ပြီး ကိုက်နေ တဲ့ ခွေးအိုဟာ အသားမရှိတဲ့အရိုးကို ထွက်လာတဲ့သရေနဲ့ကိုက်မိလို့ အရသာရှိသယောင်ထင်မိတာမို့ မလွှတ်ရဲ့ မစွန့်ရဲဖြစ်တတ်ပါသတဲ့။ လူတွေဟာလဲ လောကီအာရုံ ကာမဂုဏ်နောက် ကောက်ကောက်ပါအောင် နေ့မနား ညမအားလိုက်နေတဲ့အခိုက် အဆင်မပြေမှု ဒုက္ခနဲ့ကြုံရတဲ့အခါ တောထွက်ကာ တရားအားထုတ်တော့မယ့် ရသေ့ယောင်ယောင် ဖြစ်တတ်တာလေ။ လောကီအာရုံ ကာမဂုဏ်နဲ့တွေ့လဲတွေ့ရော ထွက်တဲ့သရေနဲ့ အရိုး...

ကျောင်းလှူရကျိုး အမျိုးမျိုး
ကျောင်းလှူရကျိုး အမျိုးမျိုး

လေးသချေင်္ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး ဘုရားဖြစ်လာတဲ့ ဂေါတမဗုဒ္ဓဟာ ပထမဝါအဖြစ် ဗာရဏသီ မိဂဒါဝုန် တောမှာ သီတင်းသုံးခဲ့ပါတယ်။ ၀ါဆိုခြင်းနဲ့အတူ သံဃာ့အဖွဲ့အစည်းကိုပါ အရှင်ကောဏ္ဍညအပါအဝင် သံဃာ (၆၀) နဲ့ စတင်တည်ခဲ့ပြန်ပါတယ်။ ရည်ရွယ်ချက်ကတော့ သတ္တဝါတွေ အကျိုးဖြစ်ထွန်းစေဖို့၊ တိုးတက်ကြီး ပွားစေဖို့နဲ့ ချမ်းသာစေဖို့ပါပဲ။ ၀ါတွင်းသုံးလပြည့်လို့ ၀ါလကင်းလွတ် သီတင်းကျွတ်အချိန်ခါသမယမှာ သံဃာ တော်များကို သာသနာပြုစေလွှတ်ပါတော့တယ်။ ဘုရားရှင်ကိုယ်တိုင်လဲ တရားစတင်ရှာဖွေခဲ့ရာ ဥရုဝေဠတော ကို ဒုတိယအကြိမ်ကြွရောက်ပြန်ပါတယ်။ ဘုရားရှင်ရဲ့ သာသနာပြုလုပ်ငန်းအောင်မြင်သလို သံဃာတော်များရဲ့ စွမ်းဆောင်ချက်ဟာလဲ အသိအမှတ်ပြုစရာဖြစ်ခဲ့ပါတယ်။ ပဥ္စဝဂ္ဂီငါးဦးထဲက အငယ်ဆုံးဖြစ်တဲ့ အရှင်အဿဇိရဲ့ သီလ၊ သမာဓိ၊ ပညာ သာသနာသုံးရပ်ပြန့်ပွားအောင်လုပ်နိုင်စွမ်း .....

သူတော်ကောင်း (အပိုင်း ၅ နိဂုံး)
သူတော်ကောင်း (အပိုင်း ၅ နိဂုံး)

နိုင်ငံမှာနေသူတွေ ဥပဒေလေးစားလိုက်နာတတ်ဖို့ ( ရှောင်သီလနဲ့ ဆောင်သီလပြည့်စုံဖို့) ဆိုရင် အစိုးရ အရာရှိများ၊ အစိုးရဝန်ထမ်းများအပါအဝင် ပြည်သူများအားလုံး မှားနေသူကို ပြင်ပေးဖို့၊ မရှက်သူကို အကြောက်နဲ့ ထိန်းဖို့ တကယ်လိုအပ်ပါတယ်။ ဒါဟာ အားလုံးနဲ့ ဆိုင်တဲ့ အဖြစ်တစ်ခုမို့ပါ။ တိုးတက် ငြိမ်းချမ်းတဲ့ မိသားစု၊ နိုင်ငံတစ်ခု ဖြစ်ချင်တယ်ဆိုရင် အားလုံးမှာ တာဝန်ရှိသည်ပေါ့။

သူတော်ကောင်း (အပိုင်း ၄ အဆက်)
သူတော်ကောင်း (အပိုင်း ၄ အဆက်)

ငါဟာသူတော်ကောင်းဖြစ်ပြီးလားလို့ ဆန်းစစ်ပေးတဲ့ တရား နှစ်ပါးကတော့ ၆။ ဟိရီနဲ့ ၇။ သြတ္တပ္ပတို့ပါ။

သူတော်ကောင်း (အပိုင်း ၃ အဆက်)
သူတော်ကောင်း (အပိုင်း ၃ အဆက်)

ပြီးတော့ ၃။ သုတ ပေါ့။ သုတဆိုတာ အကြားအမြင်များတာ၊ ကြားထား မြင်ထားတာကို လက်တွေ့အဖြစ်အသုံးချတာကိုပြောတာပါ။ သိစရာနဲ့ပတ်သက်ရင် သိပ္ပပညာ (နျူးကလီးယားပညာဖြစ်ပါစေ) ကိုလဲ သိအောင်လုပ်ထားရပါတယ်။

သူတော်ကောင်း (အပိုင်း ၂ အဆက်)
သူတော်ကောင်း (အပိုင်း ၂ အဆက်)

သူများကိုသာ ယုံပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းရင် တိုးတက်ဖို့ခက်သလို ကိုယ့်ကိုယ့်ကိုယုံကြည်မှုလွန်ကဲပြီး ရတနာသုံးပါးမယုံကြည်ရင် လွတ်မြောက်ဖို့မလွယ်ပါဘူး။ သေချာတာကတော့ ရတနာသုံးပါးကို ယုံကြည်မှု မရှိသူတစ်ယောက်ဟာ ဘယ်တော့မှ မဂ်တရား ဖိုလ်တရား မရနိုင်ဘူးဆိုတာပါပဲ။