2025 Annual General Meeting Invitation
Invitation to BMR AGM 2024
BMR AGM Meeting (26-Mar-2023)
Myanmar
Myanmar
English
ပင်မစာမျက်နှာ
အသင်းအကြောင်း
အသင်းအကြောင်း
အသင်းရည်ရွယ်ချက်
ဆရာတော်၏ထေရုပတ္တိ
အသင်းဝင်ရန်
ဓမ္မသင်တန်းဖိုင်များ
အဘိဓမ္မာ (ရိုးရိုးတန်း)
အဘိဓမ္မာ (ဂုဏ်ထူးတန်း)
ဝိသုဒ္ဓိမဂ်
ရက်တိုသင်တန်းများ
ဆောင်းပါးများ
ဆရာတော်ထုတ်ဝေခဲ့သောစာအုပ်များ
လှုပ်ရှားမှုများ
တရားပွဲနှင့်သင်တန်းကြော်ငြာများ
အသိပေးကြေငြာချက်များ
အပတ်စဉ်ဝေယျာဝစ္စများ
စနေနေ့တရားထိုင်ခြင်း
လှူဒါန်းမှုများ
အဘိဓမ္မာဖြေဆိုမှုမှတ်တမ်းများ
ခရီးသွားမှတ်တမ်းများ
ဆွမ်းအလှူပြက္ခဒိန်
ဆက်သွယ်ရန်
၂၀၂၀ အဘိဓမ္မာသင်တန်း (ရိုးရိုးတန်း တတိယဆင့်)
အဘိဓမ္မာ တတိယဆင့် (ZOOM ONLINE) သင်တန်း
တစ်ယောက်နဲ့တစ်ယောက် အချစ်ကြောင့်သာ မေ့မရနိုင်တာလား၊ အမုန်းကြောင့်ရော စွဲလန်းနေတာမျိုး
ရှိနေနိုင်သလား၊ မကောင်းမှု ဒုစရိုက်ဟာ မကောင်းမှန်းသိနေပါလျက်နဲ့ သတ္တဝါတွေ ဘာကြောင့် မစွန့်နိုင်ကြတာလဲ၊
ဒုက္ခရဲ့မြစ်ဖျားခံရာ ခန္ဓာကိုယ်ကြီး ဘယ်အလိုအကြောင်းတွေကြောင့် ဖြစ်ပေါ်လာရတာပါလိမ့်၊
ဒုက္ခရဲ့ လွတ်ကြောင်းတရားရော မရှိတော့ဘူးလား စသည်ဖြင့် ဘဝဒုက္ခတွေ့ကြုံရတိုင်း မေးခွန်းပေါင်း
များစွာနဲ့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေသူများ၊ မှန်ကန်တဲ့အသိ ကောင်းမွန်တဲ့အကျင့်များကို တိကျစွာ
ပြပေးလိုသူများအတွက် အဘိဓမ္မာတတိယဆင့်ကို သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။
အသိတိုးပွားလိုသူများ၊ သံသယကင်းလိုသူများ၊ ဗဟုသုတရလိုသူများကို တက်ရောက်နိုင်ပါကြောင်း ဖိတ်ခေါ်လိုက်ပါတယ်။
မှတ်ချက်။ ။ zoom ဖြင့် သင်ကြားနေစဥ်အတွင်း အင်တာနက် အခက်အခဲကြောင့် တစုံတရာ ဖြစ်ခဲ့ပါက
မှော်ဘီ ရွှေကျောင်း Facebook မှ Live (တိုက်ရိုက်) သင်ကြား
ပို့ချ သွားမည်ဖြစ်ပါ၍ မိမိတို့၏ Facebook Account များကို ဖွင့်ပေးထားရန် အသိပေးအပ်ပါသည်။
စာရင်းပေးသွင်းထားသူများသို့ သင်တန်းအချိန်စာရင်းကို Email ဖြင့် ပို့ပေးသွားပါမည်။
သင်တန်းတက်ရောက်လိုသူများ အောက်ပါအတိုင်း (လင့်တွင်) စာရင်းပေးသွင်းနိုင်ပါပြီ။
https://docs.google.com/.../1FAIpQLSeXnKpMw4R.../viewform...
၁။ အမည်
၂။ ဖုန်းနံပါတ်
၃။ အီးမေလ်းလိပ်စာတို့ကို ပြည့်စုံစွာဖြည့်၍ စာရင်းပေးသွင်းကြပါရန်
နေ့ရက် ။ ။ ၅.၁၀.၂၀၂၀ တနင်္လာနေ့တွင် စတင်သင်ကြားပါမည်
အချိန် ။ ။ မြန်မာစံတော်ချိန် ညနေ (၆) နာရီမှ (၇:၃၀) ထိ
စင်္ကာပူစံတော်ချိန် ည (၇း၃၀) နာရီမှ ည(၉) နာရီထိ
(သင်တန်းသားအဟောင်းများဆီသို့ သင်တန်းလင့်များ ပေးပို့သွားမည်ဖြစ်ပါသောကြောင့် စာရင်းပေးသွင်းရန်မလိုပါ)
ဆက်သွယ်စာရင်းပေးသွင်းရန်
ဆက်သွယ်စာရင်းပေးသွင်းထားခြင်း စစ်ဆေးရန်