ဆရာတော်လောင်းလျာကို ခမည်းတော် ဦးငွေကြည်+မယ်တော် ဒေါ်သန်းငွေတို့မှ တနင်္သာရီတိုင်း၊ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၊ သောကြာပြင်ရွာတွင် ကောဇာသက္ကရာဇ် ၁၃၃၈ ခု၊ တပေါင်းလဆန်း (၁၁) ရက်၊ ခရစ်သက္ကရာဇ် (၁၉၇၇) ခု၊ ဖေဖေါ်ဝါရီလ (၂၇) ရက် တနင်္ဂနွေနေ့တွင် မီးရှူးသန့်စင် ဖွားမြင်ခဲ့ပါသည်။
မွေးချင်း (၄) ယောက်တွင် အငယ်ဆုံးသားဖြစ်ပါသည်။ ဆရာတော်လောင်းလျာသည် သက်တော် (၁၀)နှစ်အရွယ်တွင် သောကြာပြင်ရွာ၊ တောင်ဇင်းကျောင်းဆရာတော် ဦးစက္ကိန္ဒကို ဥပဇ္စျာယ်ပြုလျှက် အဖိုး ဦးမောင်အို+အဖွား ဒေါ်မြဒင်တို့၏ ရှင်ဒါယကာခံယူမှုဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိပါသည်။ ဘွဲ့အမည်မှာ ရှင်ဉာဏဝရ ဖြစ်ပါသည်။
(၁၉၉၇) ခုနှစ် သက်တော် (၂၀) အရွယ်တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းသစ်၊ ရွှေကျင်ကျောင်းသစ် ဆရာတော် ဦးဗုဒ္ဓဝံသကို ဥပဇ္စျာယ်ပြုလျှက် ရဟန်းဒါယကာ ဦးစိုးအောင် + ရဟန်းဒါယိကာမ ဒေါ်ခင်အေးသန်းတို့၏ ပစ္စည်းလေးပါး ဒါယကာခံယူမှုဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိပါသည်။
ဆရာတော် ဦးဉာဏဝရသည် သက်တော် (၁၄) နှစ်မှ စတင်ကာ ပညာဖြန့်ဝေရာ စာသင်တိုက်ကြီးများဖြစ်သောပဲခူးမြို့ သာသနာ့မဏ္ဍိုင်စာသင်တိုက်၊ မော်လမြိင်မြို့ ရဲကျောင်း မြစေတီစာသင်တိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ ရန်ကုန်မြို့ အလိုတော်ပြည့်စာသင်တိုက်တို့တွင် ဗုဒ္ဓစာပေများကိုလေ့လာကာ နိုင်ငံတော်မှ ကြီးမှူးကျင်းပသော အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတို့ကိုလည်းကောင်း၊ (၂၀၀၃) ခုနှစ်တွင်ဓမ္မာစရိယတန်းကိုလည်းကောင်း အောင်မြင်ခဲ့ပြီး နိုင်ငံတော်အစိုးရမှဆက်ကပ် ချီးမြှင့်သော သာသနဓဇဓမ္မာစရိယ ဘွဲ့တော်ကို ရရှိခဲ့ပါသည်။
ဆရာတော် ဦးဉာဏဝရသည် သာသနဓဇဓမ္မာစရိယဘွဲ့ကိုရရှိပြီးနောက် ရဟန်းဒါယကာတစ်ဦးဖြစ်သော ဦးငွေဝင်းထံမှ အခြေခံအင်္ဂလိပ်စာများကို လေ့လာသင်ယူခဲ့ပါသည်။ ထို့နောက် (၂၀၀၅) ခုနှစ် ဧပြီလ (၁၄) ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ကြွရောက်ကာ မဂဓတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ပါသည်။
(၂၀၀၆) ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ကြွရောက်ကာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ကေလနီယတက္ကသိုလ်တွင် M.A တန်းကိုတက်ရောက်ကာ ပညာဆည်းပူးခဲ့ပါသည်။ (၂၀၀၇) ခုနှစ်တွင် ထိုကေလနီယတက္ကသိုလ်မှ M.A ဘွဲ့ကိုရရှိခဲ့ပါသည်။
(၂၀၀၉) ခုနှစ်တွင် လာအိုနိုင်ငံနေ ဦးသိန်းထိုက်+ ဒေါ်ဝင်းကြည်တို့၏ ပင့်ဖိတ်ချက်ဖြင့် လာအိုနိုင်ငံသို့ကြွရောက်ကာ Australia Centre For Language (A.C.L) College တွင် အင်္ဂလိပ်စာများကို ဆက်လက်လေ့လာခဲ့ပါသည်။ တချိန်တည်းမှာပင် လာအိုနိုင်ငံရှိ မြန်မာများကို အဘိဓမ္မာသင်ခန်းစာများကိုလည်း ပို့ချသင်ကြားပေးခဲ့ပါသည်။
(၂၀၁၂) ခုနှစ်တွင် စင်္ကာပူနိုင်ငံသို့ကြွရောက်ကာ Acend English Language School တွင် အင်္ဂလိပ်စာသင်တန်း များကို တက်ရောက်ခဲ့ပါသည်။ (၂၀၁၄) ခုနှစ်တွင် စင်္ကာပူနိုင်ငံမှ Diploma In Business Management ကိုလည်းကောင်း၊ (၂၀၁၅) ခုနှစ်တွင် စင်္ကာပူနိုင်ငံမှ Advanced Diploma In Business Management ကိုလည်းကောင်းအောင်မြင်ခဲ့ပါသည်။
အားလပ်သည့်အချိန်များတွင် အဘိဓမ္မာသင်တန်းများကိုလည်း ပို့ချပေးခဲ့ပါသည်။ ထို့ပြင် သင်တန်းသူ သင်တန်းသားများ လွယ်ကူစွာလေ့လာနိုင်စေရန်ရည်ရွယ်ချက်ဖြင့် အဘိဓမ္မာသင်ခန်းစာများကို ရေးသားပြုစု၍ အလှူရှင်များ၏ စေတနာဖြင့် စာအုပ်များ ထုတ်ဝေကာ ဓမ္မဒါနအဖြစ် လှူဒါန်းခဲ့ပါသည်။
ရေးသားခဲ့ပြီးသော စာအုပ်များမှာ
၁။ ကံဟူသည်
၂။ အဘိဓမ္မာပို့ချချက်
၃။ လူသားနှင့်အဘိဓမ္မာ
၄။ မင်္ဂလာတရားတော်
၅။ ဓမ္မအရိပ်တို့ စုစည်းရာ (၁)
၆။ ဓမ္မအရိပ်တို့ စုစည်းရာ (၂)
၇။ သတိပဋ္ဌာန်သုတ်အနှစ်ချုပ်စာအုပ်နှင့်
၈။ လင်္ကာဒီပခရီးသွားမှတ်တမ်းတို့ ဖြစ်ပါသည်။
ထို့ပြင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်မှ ကျင်းပသော အဘိဓမ္မာစာမေးပွဲများဖြေဆိုနိုင်စေရန်နှင့် ဘဝအသိရရှိစေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းသူ သင်တန်းသားများကို လေ့ကျင့်သင်ကြားပေးနေသည်အပြင် စင်္ကာပူနိုင်ငံတွင် အဘိဓမ္မာအသိပြန့်ပွားရေးကိုဦးတည်လျက် အပတ်စဥ် စနေနေ့တိုင်း မင်္ဂလဝဟာရကျောင်းတွင်လည်းကောင်းတနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တိုင်း ပညာပါရမီကျောင်းတွင်လည်းကောင်း အဘိဓမ္မာရိုးရိုးတန်း (ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်သုံးဆင့်လုံးအတွက်)၊ အဘိဓမ္မာဂုဏ်ထူးတန်း (ဋီကာကျော်) (ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် သုံးဆင့်လုံးအတွက်)၊ ဝိသုဒ္ဓိမဂ်တန်း (ပထမဆင့်၊ ဒုတိယဆင့်၊တတိယဆင့် သုံးဆင့်လုံးအတွက်) တို့နှင့် ဗုဒ္ဓဘာသာဝင်များ အသိတိုးတက်ရေး၊ သင်္ခန်းစာရရေး၊ သဒ္ဓါထား ပညာပွားရေးများကို ရှေးရှူကာ သုတ္တန်သင်တန်းများနှင့် မဟာဗုဒ္ဓဝင်တရားတော်ကြီးကိုလည်း သင်ကြားပေးလျှက်ရှိပါသည်။ ထိုပြင်မက မြန်မာနိုင်ငံတက္ကသိုလ်များ၊ အထက်တန်းကျောင်းများနှင့် ဗုဒ္ဓဘာသာဝင် မိသားစုများ၏ ပင့်ဖိတ်ချက်အရ
၁။ ရန်ကုန် နည်းပညာတက္ကသိုလ် (YTU အင်းစိန်) တွင်လည်းကောင်း (၂၀၁၅)
၂။ ရန်ကုန် နည်းပညာတက္ကသိုလ် (YTU အင်းစိန်) တွင်လည်းကောင်း ( ၂၀၁၆ ဒုတိယကြိမ်)
၃။ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် (WYTU) တွင်လည်းကောင်း (၂၀၁၆)
၄။ ရန်ကုန် မှော်ဘီ နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၆)
၅။ ရန်ကုန် မှော်ဘီ နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၇ ဒုတိယကြိမ်)
၆။ မန္တလေးတိုင်း ကျောက်ဆည် နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၆)
၇။ မန္တလေးတိုင်း ကျောက်ဆည် နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၇ ဒုတိယကြိမ်)
၈။ ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် (၄) အထက်တန်းကျောင်းတွင်လည်းကောင်း (၂၀၁၆)
၉။ ရန်ကုန်မြို့ သာသနာရေးနှင့် ယဥ်ကျေးမှု ဝန်ကြီးဋ္ဌာန ကမ္ဘာအေးကုန်းမြေ ဇမ္ဗူသီရိဗိမာန်တွင် လည်း
ကောင်း (၂၀၁၆)
၁၀။ ပဲခူးတိုင်း ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်တွင်လည်းကောင်း (၂၀၁၇)
၁၁။ မကွေးတိုင်း ကျန်းမာရေးတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၆)
၁၂။ ရန်ကုန်တိုင်း သန်လျင် နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၆)
၁၃။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားမြို့ သစ်ပျံစာသင်တိုက်တွင်လည်းကောင်း (၂၀၁၆)
၁၄။ မန္တလေးတိုင်း တောင်သာမြို့ မိုးကုတ်ရိပ်သာတွင်လည်းကောင်း
၁၅။ မန္တလေးတိုင်း အမရပူရမြို့နယ် လိပ်ဆံခွန်ကျေးရွာ အထကခွဲ (၆) တွင်လည်းကောင်း (၂၀၁၇)
၁၆။ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗားကရာကျောင်းတိုက်တွင်လည်းကောင်း (၂၀၁၇)
၁၇။ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မိုးကုတ်ရိပ်သာတွင်လည်းကောင်း (၂၀၁၇)
၁၈။ မန္တလေးတိုင်း ပြင်ဦးလွင် နည်းပညာတက္ကသိုလ် (ဆိုင်ဘာစီးတီး)တွင်လည်းကောင်း (၂၀၁၇)
၁၉။ မန္တလေးမြိ့ ဗန်းမော်ကျောင်းတိုက်တွင်လည်းကောင်း (၂၀၁၇)
၂၀။ ကချင်ပြည်နယ် မြစ်ကြီးနား နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၇)
၂၁။ ကချည်ပြည်နယ် ဗန်းမော် နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၈)
၂၂။ မန္တလေးတိုင်း စည်ပင်သာယာရေးဋ္ဌာနတွင်လည်းကောင်း (၂၀၁၈)
၂၃။ စစ်ကိုင်းတိုင်း မုံရွာမြို့ မြို့မ ဂါတ်ကျောင်းတွင်လည်းကောင်း (၂၀၁၈)
၂၄။ မန္တလေးတိုင်း မုံရွာမြို့ အကျဥ်းထောင်တွင်လည်းကောင်း (၂၀၁၈)
၂၅။ မန္တလေးတိုင်း တောင်သာမြို့ မိုးကုတ်ရိပ်သာတွင်လည်းကောင်း (၂၀၁၈ ဒုတိယကြိမ်)
၂၆။ ပဲခူးတိုင်း တောင်ငူမြို့ ကွန်ပျူတာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၈)
၂၇။ မန္တလေးတိုင်း စည်ပင်သာယာရေးဋ္ဌာနတွင်လည်းကောင်း (၂၀၁၈ ဒုတိယကြိမ်)
၂၈။ မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးဋ္ဌာန လူငယ်ပြုပြင်ရေး သင်တန်းကျောင်းတွင်လည်းကောင်း (၂၀၁၈)
၂၉။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး)တွင်လည်းကောင်း (၂၀၁၈ ဒုတိ
ယကြိမ်)
၃၀။ တနင်္သာရီတိုင်း ထားဝယ်မြို့ ကွန်ပျူတာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၈)
၃၁။ ကချင်ပြည်နယ် မိုးကောင်းမြို့ မဟာစည် သာသနာ့ဗိမာန်တွင်လည်းကောင်း (၂၀၁၈)
၃၂။ ကချည်ပြည်နယ် ဟိုပင်မြို့တွင်လည်းကောင်း (၂၀၁၈)
၃၃။ ကချည်ပြည်နယ် ဟိုပင်မြို့ ဒေါ်ခင်သန်းမူ ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း (၂၀၁၈)
၃၄။ ရန်ကုန်မြို့ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဋ္ဌာန ကမ္ဘာအေးကုန်းမြေ ဇမ္ဗူသီရိဗိမာန်တွင်လည်းကောင်း (၂၀၁၈/၂၀၁၉ ဒုတိယကြိမ်)
၃၅။ မကွေးတိုင်း ကွန်းပျူတာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၉)
၃၆။ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ရေကူးမြို့မကျောင်းတိုက် ဓမ္မေသကသာသနာ့ဗိမာန်တွင်လည်းကောင်း (၂၀၁၉)
၃၇။ ကချည်ပြည်နယ် နည်းပညာတက္ကသိုလ် တွင်လည်းကောင်း (၂၀၁၉ ဒုတိယကြိမ်)
၃၈။ မန္တလေးတိုင်း အမရပူရမြို့နယ် လိပ်ဆံခွန်ကျေးရွာ ယဥ်သာတောရကျောင်းတွင်လည်းကောင်း (၂၀၁၉)
၃၉။ ဧရာဝတီတိုင်း လပွတ္တာမြို့ သာသနာ့ဗိမာန်တော်တွင်လည်းကောင်း (၂၀၁၉)
၄၀။ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီးတိုက်တွင်လည်းကောင်း (၂၀၁၉)
၄၁။ ရန်ကုန်တိုင်း ဒဂုံအထက (၂) မြို့မ ကျောင်းတွင်လည်းကောင်း (၂၀၁၉)
၄၂။ မန္တလေးတိုင်း ကျောက်ဆည်မြို့ ပညာရေးဝန်ကြီးဋ္ဌာန ဒြပ်ပစ္စည်း သိပ္ပံသုတေသနဋ္ဌာန ဓာတ်တော်တွင်လည်းကောင်း (၂၀၁၉)
၄၃။ မန္တလေးတိုင်း မြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ (၁) တွင်လည်းကောင်း (၂၀၁၉ တတိယကြိမ်)
၄၄။ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် (WYTU) တွင်လည်းကောင်း (၂၀၁၉ ဒုတိယကြိမ်)
၄၅။ ရန်ကုန် နည်းပညာတက္ကသိုလ် (YTU) တွင်လည်းကောင်း ( ၂၀၁၉ ဒုတိယကြိမ်)
၄၆။ ရန်ကုန်တိုင်း မှော်ဘီ နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၁၉ ဒုတိယကြိမ်)
၄၇။ ရန်ကုန်တိုင်း ရန်ကုန်မြို့ တက္ကသိုလ်များ ဓမ္မာရုံတွင်လည်းကောင်း (၂၀၁၉)
၄၈။ တနင်္သာရီတိုင်း ထားဝယ် ကွန်ပျူတာတက္ကသိုလ်တွင်လည်းကောင်း (၂၀၂၀ ဒုတိယကြိမ်)
၄၉။ တနင်္သာရီတိုင်း ထားဝယ် နည်းပညာတက္ကသိုလ်တွင်လည်းကောင်း (၂၀၂၀)
၅၀။ ပဲခူးတိုင်း တောင်ငူ ကွန်ပျူတာတက္ကသိုလ်တွင်လည်းကောင်း (၂၀၂၀ ဒုတိယကြိမ်)
၅၁။ မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် ပန်းဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း (၂၀၂၀)
၅၁။ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီးတိုက်တွင်လည်းကောင်း (၂၀၂၀ ဒုတိယကြိမ်)
၅၂။ ရှမ်းပြည်နယ် ဟိုပုံးမြို့ နောင်တောင်း ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတ တပ်ဦီးကျောင်းတွင်လည်းကောင်း (၂၀၂၀)
၅၃။ မကွေးတိုင်း မကွေးခရိုင် ချောက်မြို့နယ် စလေမြို့တွင်လည်းကောင်း (၂၀၂၀)
၁။ လူသားနှင့်အဘိဓမ္မာ အထူး (၅) ရက်သင်တန်း
၂။ မင်္ဂလာတရားတော် အထူး (၃) ရက် သင်တန်း
၃။ ဓမ္မစကြာ အထူး (၂) ရက်သင်တန်း
၄။ ပဋိစ္စသမုပ္ပါဒ် အထူး (၂) ရက်သင်တန်း
၅။ ပဋ္ဌာန်း အထူး (၃) ရက်သင်တန်း
၆။ သမထ၊ ဝိပဿနာ အထူး (၂) ရက်သင်တန်းများကို ပို့ချပေးခဲ့ပါသည်။
ယခုအခါ ဆရာတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာအုပ်စု၊ ညောင်ကုန်းရွာ၊ ပညာပါရမီစင်္ကာပူကျောင်းတိုက်ကြီးတွင် သီတင်းသုံးကာ သာသနာပြုလျှက်ရှိပါသည်။
အထက်ပါအကြောင်းများ မှန်ကန်ပါသည်
ဦးဉာဏဝရ
သာသနာဝင်အမှတ် ၉/မဟမ(သ) ၀၀၁၂၇၂
ပညာပါရမီစင်္ကာပူကျောင်းတိုက်
မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး