တရားပွဲနှင့်သင်တန်းကြော်ငြာများ

ရက်တိုသင်တန်းများ
3 Days Meditation Class Jun 2024

တရားချစ်ခင်သူတော်စင်အပေါင်းတို့ 🙏🏻 စိတ်ငြိမ်းချမ်းစေရန်၊ ဗုဒ္ဓအလိုကျ တရားရှု့မှတ်နည်းရစေရန် ရည်ရွယ်၍ ဗုဒ္ဓဝိပဿနာတရားရိပ်သာ (BMR) မှကြီးမှူးကာ (၃)ရက်တာ နေ့တရားစခန်းကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ရက်တိုသင်တန်းများ
၂၀၂၁ ပဌာန်းတရားတော် သင်တန်း

ပဌာန်းတရားတော် Online (zoom) သင်တန်း တရားချစ်ခင် သူတော်စင်များ အကောင်းအဆိုး အကြောင်းအကျိုး ကုသိုလ် အကုသိုလ်တရားများ သတ္တဝါတွေနောက် အရိပ်ပမာ မခွဲခွါ လိုက်နေပုံကို သိလိုသူများ မိမိတို့ရဲ့ ကံနဲ့ ဉာဏ်ကို မြှင့်တင်ပြီး သံသရာမှ လွတ်မြောက်လိုသူများ ဖြည့်ရမည့်ပါရမီ ကျင့်ရမည့် တရားတော်များကို သိလိုသူများ .......

ဝိသုဒ္ဓိမဂ်
၂၀၂၀ ဝိသုဒ္ဓိမဂ် သင်တန်း (ဒုတိယဆင့်)

မေတ္တာခမ်းခြောက်လို့ အစေးမကပ်တော့တဲ့ ချစ်ခြင်း၊ သည်းခံမှုမရှိလို့ ဖြစ်နေတဲ့တိုက်ပွဲ၊ ခွင့်မလွှတ်နိုင်လို့ မုန်းနေတဲ့အမုန်းများကိုပယ်ပြီး အပြုံးနဲ့ လောကကို အလှဆင်လိုသူများ မေတ္တာစတဲ့ ဗြဟ္မဝိဟာရပွားနည်း သိစေရန်၊ စိတ်တည်ငြိမ်မှုမရှိလို့ ဆုံးဖြတ်ရခက်နေသူတွေ သမာဓိရစေရန် ထူးခြားတဲ့အသိ မတူတဲ့အခြေအနေများကို ပိုင်ဆိုင်လိုသူများ နည်းလမ်းသိစေရန် ရည်ရွယ်၍ ဝိသုဒ္ဓိမဂ် ဒုတိယဆင့်ကို သင်ကြားပို့ပေးသွားမည်ဖြစ်ပါ၍ သင်တန်းတက်ရောက်လိုသူများ အောက်ပါလင့်တွင် ကိုယ်တိုင် စာရင်းပေးသွင်းနိုင်ပါပြီ

အဘိဓမ္မာ (ရိုးရိုးတန်း)
၂၀၂၀ အဘိဓမ္မာသင်တန်း - ရိုးရိုးတန်း (ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် လေ့ကျင့်ခန်းများ)

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှ ကြီးမှူးကျင်းပမည်ဖြစ်သော အဘိဓမ္မာစာမေးပွဲကို ဖြေဆိုလိုသူများ လွယ်ကူစွာဖြေဆိုနိုင်စေရန် ရည်ရွယ်၍ အဘိဓမ္မာရိုးရိုးတန်း ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် လေ့ကျင့်ခန်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပါ၍ အဘိဓမ္မာစာမေးပွဲ ဝင်ရောက်ဖြေဆိုလိုသူများတက်ရောက်နိုင်ပါသည်။