BMR’s Corporate Social Responsibility (CSR) Programme
အဖွဲ့အစည်းများ လူမှုရေးဆိုင်ရာတာဝန်ယူမှု (CSR) အစီအစဉ် ကတိကဝတ်တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ Society of Buddhist Meditation Retreat (BMR) အသင်းမှ လူငယ်အသင်းသားများ ဦးဆောင်ကာ အသက် 4 နှစ်မှ 15 နှစ်အရွယ် ကလေးများအတွက် Civilisation and Cultural Course (3C) ပို့ချ သင်ကြားပေးမည်ကို စင်ကာပူရှိ မြန်မာ မိသားစုများအား အဖွဲ့အစည်းကိုယ်စား ဝမ်းမြောက်စွာ အသိပေးလိုပါသည်။
3C ပို့ချချက်အား အများသိရှိထားသည့် ၃၈ဖြာ မင်္ဂလာ ယဉ်ကျေးလိမ္မာ ပို့ချချက်များနှင့်အညီ BMR ကျောင်းထိုင်ဆရာတော် အရှင်ဝိစိတ္ထမှ ဦးစီး သင်ကြားပေးမည်ဖြစ်သည်။ ဤသင်တန်းသည် မျိုးဆက်သစ်လူငယ်များအကြား ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည့် လူ့ယဉ်ကျေးမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖိုးတန် ထိုးထွင်းသိမြင်မှုများကို ပေးစွမ်းနိုင်မည်ဟုယုံကြည်ပါသည်။
BMR အသင်းမှ 3C ပရိုဂရမ်ကို အခကြေးငွေမယူဘဲ မေတ္တာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ စေတနာ့ဝန်ထမ်း သုံးဦးဖြစ်သည့် မမို့မို့နန္ဒာ၊ စိုင်းကျော်ဇင်ထွန်း နှင့် ကိုရဲကျော်သူ တို့သည်လည်း ဆရာတော် အရှင်ဝိစိတ္တ၏ ညွှန်ကြားချက်နှင့်အတူ သင်တန်းကို လမ်းညွှန် ပံ့ပိုးပေးမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။
မိမိတို့၏ ရင်သွေးငယ်များကို ဤသို့ ကောင်းမွန်သည့်အစီအစဉ်တွင် စာရင်းသွင်းရန် စိတ်ပါဝင်စားပါက၊ အသေးစိတ်အချက်အလက်များအတွက် စီစဉ်သူများထံ ဆက်သွယ်မေးမြန်းရန် မေတ္တာရပ်ခံအပ်ပါသည်။ တစ်ဦးခြင်းစီ၏ ပါဝင်မှုအခန်းကဏ္ဍသည် BMR ၏ CSR ပဏာမခြေလှမ်း၏အောင်မြင်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ပြီး အသင်းရှိလူငယ်များအတွက် အဓိပ္ပာယ်ပြည့်ဝပြီး ပညာပေးအတွေ့အကြုံတစ်ခု ပေးအပ်ရန် မျှော်လင့်ပါသည်။
အမည်စာရင်းသွင်းရန် Link click here to register
ဆက်သွယ်ရန်
Ma Ei Ei Khaing +65 9655 6131
Ma Mya Mya Mon +65 8322 3535