ကမ္ဘာမှာ ထေရဝါဒအထွန်းကားဆုံးငါးနိုင်ငံရှိပါတယ်။ မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယားနဲ့ သီရိလင်္ကာတို့ပါ။ တတိယသံဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာနသာသနပြုစေလွှတ်လို့ ထေရဝါဒသာသနာအခိုင်မာဆုံးနဲ့ ဗု ဒ္ဓစာပေများကို ပြန့်ပွားအောင်ကြိုးစားအားထုတ်ခဲ့တဲ့နိုင်ငံကတော့ သီရိလင်္ကာပါပဲ။ ကြားဖူးခဲ့တာကြာပြီဖြစ်ပေ မယ့် အကြောင်းမဆုံတော့ မသွားဖြစ်သေးဘူးပေါ့။ အခုတော့ အကြောင်းလဲဆုံ၊ အချိန်လဲရ၊ စိတ်ကလဲထက် သန်နေတာကြောင့် သီရိလင်္ကာဘုရားဖူးသွားကြမယ်ဆိုတဲ့ သတင်းအသံသဲ့သဲ့ကိုကြားရကတည်းက လိုက်ပါ ဖူးမျှော်ဖို့ စာရင်းပေးခဲ့တာ။ ပညာပါရမီမိသားစုများဟာ အိန္ဒိယဘုရားဖူးလဲသွားနေကျဆိုတော့ သီရိလင်္ကာခရီး စဉ်ဟာလဲ ချောမွေ့မယ်ဆိုတာ ယုံကြည်တာလဲပါတာပေါ့။