ဇွန်လ ၂၆ ရက်နေ့မှ စ၍ ဘာသာရေးဝတ်ပြုရန် လူ၅၀ အထိ ခွင့်ပြု့
============================================
စင်ကာပူ Phase-2 စတင်သည့် အစီအစဉ်အရ ဘာသာရေးအဖွဲ့စည်းများရဲ့ ဝတ်ပြုဆုတောင်းပွဲများအတွက် လူ ၅၀ (ဝေယျာဝစ္စအဖွဲ့များ မပါ) ခွင့်ပြုမည်ဟု သတင်းမှာ ကြေညာသွားပါသည်။
အဆိုပါဝတ်ပြုပွဲများမတွက် လိုအပ်သည့် စည်းကမ်းများလိုက်နာရမည်ဖြစ်သလို
(၁) Mask အသုံးပြုရန်
(၂) Safe Distancing လိုက်နာရန်
(၃) SafeEntry QR code များ အသုံးပြုရန်
(၄) TraceTogether Application အသုံးပြုရန်
(၅) လူအရေအတွက် ထိန်းချုပ်စီစဉ်ရန်
(၆) Disinfectant များ အသုံးပြု၍ disinfection လုပ်ဆောင်ရန်တို့အား ဘာသာရေးအသင်းများမှ တာဝန်ယူလုပ်ဆောင်ရမည်။
ထို့အပြင် ဘာသာရေးအဖွဲ့အစည်းများအနေဖြင့် Safe Management Plan အစီအစဉ်ရေးဆွဲ၍ Ministry of Culture, Community and Youth (MCCY) သို့ ပွဲမကျင်းပမီ အနည်းဆုံး (၃) ရက် ကြို၍ တင်သွင်းရမည်။
အဆိုပါ Plan ၌
(၁) လူအင်အား နေရာချထားပုံ
(၂) ဝတ်ပြုသူများ ၁ မီတာအကွာအဝေး စီစဉ်ပုံ
(၃) အကယ်၍ အုပ်စုလိုက်ဆိုပါက အတူတကွ ဝတ်ပြနိုင်သည့်တိုင် ၅ ဦးထက်မပိုရပါ
(၄) ဝတ်ပြုချိန်ကာလအား အတတ်နိုင်ဆုံး အတိုချုံးရန် တို့ပါဝင်သည်။
ဖျော်ဖြေတင်ဆင်မှုများ ခွင့်မပြုပါ။ ထို့အပြင် ဝတ်ပြုသည့်နေရာအား လေဝင်လေထွက်ကောင်းအောင် စီစဉ်ထားရမည်။
ဘာသာရေးနှင့် မသက်ဆိုင်သည့် အစီအစဉ်များ (စာသင်ကြားခြင်း၊ ဘာသာရေးဓလေ့ထုံးထမ််းအစဉ်အလာ လုပ်ဆောင်မှု၊ ဘာသာရေးဆရာ၏ တာဝန်ထမ်းဆောင်မှုဆိုင်ရာလုပ်ငန်းနှင့် ဘာသာရေး ဆိုင်ရာသင်ကြားပို့ချခြင်းများအား လူ ၅ ဦးထက် မပိုဘဲ လုပ်ဆောင်ခွင့်ပြုမည်ဖြစ်သည်။
ထို့အပြင် virtual communication ကို အသုံးပြု၍ အသင်းသားများအတွက် သင်ကြားပို့ချရန်ကိုလည်း အစိုးရမှ ခွင့်ပြုထားပါတယ်။ ထိုသို့စီစဉ်ရန်အတွက် production location ၌ လူ ၁၀ ယောက်အထိ စီစဉ်နိုင်ခွင့်ကိုလည်း ပေးထားပါတယ်။
သတိပြု့ရမည့်အချက်ကတော့ ဘာသာရေးအဖွဲ့အစည်းများဟာ အစီအစဉ်ပေါင်းစုံကို တပြိုင်တည်းမလုပ်ဆောင်ရန်ပါ။ အချိန်တစ်ခုမှာ အစီအစဉ်တစ်ခုကိုသာ ကျင်းပဖို့ကိုလည်း အစိုးရမှ သတိပေးထားပါတယ်။
Safe Distancing အတွက် အမှတ်အသား၊ သတိပေး ဆိုင်းဘုတ်များနဲ့ အကန့်အသတ်အတားအဆီးများထားရှိရန်ကိုလည်း လိုအပ်ချက်အရ လုပ်ဆောင်ရပါလိမ့်မယ်။ အဝင်အထွက် လမ်းကြောင်းများကိုလည်း လာရောက်သူများအတွက် သတ်မှတ်ပေးရပါလိမ့်မယ်။